ရန်ကုန်မြို့ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမှာ ဆိုက်ကားဆရာတစ်ဦးကို စက်တင်ဘာ ၂၀ ရက် ဒီနေ့မနက် ၁၁ နာရီခွဲလောက်မှာ အမည်မသိသေနတ်သမားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဧရာဝဏ်လမ်းမကြီးပေါ်မှာ ဆိုက်ကားနင်းလာတဲ့ ဦးအောင်ကျော်စိုးကို ဆိုင်ကယ်စီးလာသူ အမည်မသိ လူငယ်နှစ်ဦးက နောက်ကနေ သေနတ်နဲ့ နှစ်ချက်ပစ်ခတ်ပြီး ထွက်ပြေးလွတ်မြောက် သွားတယ်လို့ သိရပါတယ်။
ဦးအောင်ကျော်စိုး နောက်ကျောမှာ သေနတ်ထိမှန်ဒဏ်ရာနှစ်ချက် ရသွားတာကြောင့် ဆေးရုံပို့ဆောင်ပေးပြီး စစ်ကောင်စီက နယ်မြေစစ်ဆေးရေး ပြုလုပ်နေတယ်လို့ သိရပါတယ်။
သေနတ်ပစ်ခတ်ခံရသူ ဦးအောင်ကျော်စိုးဟာ စစ်ကောင်စီကို သတင်းပေးနေသူလို့လည်း မြို့ခံတွေက ဆိုပါတယ်။