မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် မအူတောင်ရွာမှာ စက်တင်ဘာ ၁၉ ရက်နေ့ညက ပျူစောထီးခေါင်းဆောင်တယောက်ကို နှလုံးလှလူမိုက်ကြီးများအဖွဲ့က သုတ်သင်သတ်ဖြတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မအူတောင်ရွာက အကြမ်းဖက်စစ်ကောင်စီခန့် ရွာခွဲတာဝန်ခံလည်းဖြစ်၊ ပျူစောထီး ခေါင်းဆောင်လည်းဖြစ်တဲ့ မင်းခန့်ကို မနေ့ညက မြင်းခြံအခြေစိုက် နှလုံးလှလူမိုက်ကြီးများအဖွဲ့က သုတ်သင်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီပျူစောထီခေါင်းဆောင် မင်းခန့်ဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ ရေစကြိုမြို့နယ်ထဲက PDF စခန်းတွေ၊ သပိတ်စခန်းတွေကို ဝင်စီးတဲ့နေရာတွေမှာ သူကိုယ်တိုင် ပါဝင်ပြီးတော့ ဦးဆောင်လမ်းပြပြုလုပ်ကာ အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းပေးဒလန် လုပ်ကိုင်တာကြောင့် သတ်ဖြတ်လိုက်တာလို့ ဖော်ပြထားပါတယ်။