Home
မြန်မာသတင်း
မအူပင်မြို့နယ်တွင် Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ
DVB
·
September 20, 2021
242378972_3035824553411952_3318992273963029229_n

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှာ စက်တင်ဘာ ၁၉ ရက် ညပိုင်းက စစ်တပ်ပိုင်  Mytel တာဝါတိုင် တစ်တိုင် မိုင်းခွဲ ဖျက်ဆီးခံခဲ့ရပါတယ်။

မအူပင်မြို့နယ်၊ တလုတ်လပ် ၃ မိုင်ကျေးရွာမှာရှိတဲ့ Mytel တာဝါတိုင်ဟာ ည ၈ နာရီလောက်က ဖေါက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အသံကတော့ အတော်ကျယ်တယ်။ ပေါက်ကွဲအားပြင်းတယ် အိမ်တောင်တုန်သွားတယ်။ ညဘက်ဆိုတော့ ဘယ်သူမှ ထွက်မကြည့်ရဲဘူး"လို့ ၃ မိုင်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာခင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာပြီး ကျေးရွာ လူကြီး နှစ်ယောက်ကို စစ်ဆေးဖို့ ခေါ်ဆောင်သွားကြောင်းသိရပါတယ်။

"မနက်မှ သိတာ ကျေးရွာ လူကြီး နှစ်ယောက်ကိုလည်း ခေါ်သွားတယ်။ ဘယ်ခေါ်သွား တယ်ဆိုတာတော့ ခု ချိန်ထိမသိရသေးဘူး"ဒေသခံက ပြောပါတယ်။

မအူပင်မြို့နယ်မှာ Mytel တာဝါတိုင် ပေါက်ကွဲဖျက်ဆီးခံရတာ ပထမဆုံးအကြိမ် လည်းဖြစ်ပါတယ်။

မအူပင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကင်းပုန်းဝပ်ပြီး ဒလန်တွေရဲ့ သတင်းပေးချက်အရ လိုက်လံဖမ်းဆီးတာ လူဦးရေ ၆၀ ကျော်ရှိပြီး ၁၀ ဦးလောက်လည်း ပြန်လည် လွတ်မြောက်လာပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013