စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပျူမြို့ဟောင်း(ဟန်လင်း) ထဲက စစ်တပ်နဲ့ စစ်ခေါင်းဆောင်ရဲ့ မိသားစုစီးပွားရေးဆက်နွှယ်နေတဲ့ မိုင်တဲလ်တာဝါတိုင် ၂ တိုင် ကို စက်တင်ဘာ ၂၀ ရက် မနက် ၂ နာရီလောက်က ဖောင်းဒိုင်းဖောင်းဒိုင်းအဖွဲ့က မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
အဲဒီအဖွဲ့ဟာ စက်တင်ဘာ ၁၆ ရက်ကလည်း မိုင်တဲလ်တာဝါတိုင် ၂ ခုကို မိုင်းခွဲခဲ့တာဖြစ်ပြီး စစ်အုပ်စု ထောက်တိုင်မှန်သမျှ ရှင်းလင်းသုတ်သင် ဖျက်ဆီးသွားမယ်လို့ အသိပေးကြေညာထားပါတယ်။
NUG အစိုးရက ခုခံတွန်းလှန်စစ်ပွဲစတင်ကြောင်း ကြေညာတဲ့ စက်တင်ဘာ ၇ ရက်နေ့ကစပြီး နိုင်ငံတဝန်းမှာ စစ်တပ်ပိုင် မိုင်တဲလ်ကုမ္ပဏီရဲ့ ဆက်သွယ်ရေးတာဝါတိုင်တွေ မီးရှို့၊ ဗုံးခွဲ ဖျက်ဆီးခံနေရတာ ၁၀၀ နီးပါးရှိလာပြီဖြစ်ပါတယ်။