ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ စက်တင်ဘာလ ၁၈ ရက် ညပိုင်းက ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံကို စစ်တပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဟာ အာဏာသိမ်းစစ်တပ်လက်အောက်မှာ ဆက်လက်အလုပ်လုပ်နေသူဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာကိုတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“စစ်သားတွေရောက်လာပြီး သေနတ်တွေနဲ့ ချိန်ခေါ်သွားတာ။ အချင်းချင်း ဘာလို့ ဖမ်းတာလဲဆိုတာတော့ မသိဘူး။ ဖမ်းသွားတာတော့ သေချာတယ် တောင်ပေါ်ကို တခါတည်း ခေါ်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံကို ညနေ ၅ နာရီကျော်မှာ လာရောက်ဖမ်းဆီးခဲ့ပြီး ပုသိမ်က တောင်ပေါ်စစ်တပ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဟာ CDM မလုပ်ဘဲ စစ်တပ်ရဲ့ လက်အောက်မှာ စစ်ကောင်စီက ခိုင်းတဲ့အလုပ်တွေကို ဆက်လက်လုပ်ဆောင်နေသူတစ်ဦး ဖြစ်ပါတယ်။