စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဖက်ခက်ကျေးရွာနားမှာ စက်တင်ဘာ ၁၉ ရက် မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဖက်ခက်ကျေးရွာသားတွေထံက သိရပါတယ်။
“ကျနော်တို့ ရွာအနီးမှာ ပန်းဆက်ရွာက ပျူစောထီးကတွေ ဘာသတင်းရတယ်မသိဘူး။ သေနတ်တွေနဲ့ပစ်ပြီး တောလမ်းကနေ ရွာထဲဝင်လာကြတယ်။ အဲလိုဝင်လာတော့ ပြည်သူ့ ကာကွယ်ရေးအဖွဲတွေက ခဏတာခုခံပစ်သေးတယ်ပေါ့။ လက်နက်အင်အားမမျှတော့ နောက်ဆုတ် ခဲ့ရတယ်။ တိုက်ပွဲဖြစ်ပွားချိန်က တစ်နာရီလောက်တော့ကြာမယ်ထင်တယ်ဗျ။ ပစ်တာက အဝေး ပစ်ပစ်ကြတာဆိုတော့ အကျဆုံးကတော့မရှိဘူးလောက်ဘူး။ ရွာသားတွေ အကုန်လုံးကတော့ ဘေးလွတ်ရာ ထွက်ပြေးကြတယ်”လို့ နယ်မြေခံပြည်သူကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မင်းကင်းမြို့နယ်ရှိ ဖက်ခက်ကျေးရွာဟာ အိမ်ခြေ ၇၀ ကျော်ရှိပြီး စစ်ကောင်စီအာဏာသိမ်းချိန်က စလို့ အခုအချိန်အထိ အဲဒီကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲ ၄ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲတဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။