မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာတက္ကသိုလ်နားက စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် စက်တင်ဘာ ၁၈ ရက် ဒီနေ့ မနက် ၅ နာရီလောက်မှာ ဗုံးခွဲခံလိုက်ရပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ ထောက်တိုင် အစိတ်အပိုင်းကို တိုက်ခိုက်ခဲ့တာဟာ နောင်ရိုး မြို့ပြပြောက်ကျားတပ်ဖွဲ့ကလို့ သိရပါတယ်။
မိုင်တဲလ်တာဝါတိုင် ဗုံးခွဲခံရပြီး မကြာခင်မှာ စစ်ကောင်စီတပ်တွေရောက်လာပြီး အနီးအနားပတ်ဝန်းကျင်မှာ စစ်ဆေးခဲ့ကြပါတယ်။
NUG အစိုးရက ခုခံတွန်းလှန်စစ်ပွဲစတင်ကြေညာတဲ့ စက်တင်ဘာ ၇ ရက်ကစပြီး မြန်မာတနိုင်ငံလုံးမှာ မိုင်တဲလ်ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၂ဝဝဝ ကျော်ရှိတဲ့ အနက် ဒေသဆိုင်ရာ PDF တွေက မိုင်တဲလ်တာဝါတိုင်ပေါင်း ၈၀ လောက်ကို ဖျက်ဆီးထားပါတယ်။
မိုင်တဲလ် ဆက်သွယ်ရေးတာဝါတိုင်တွေဖျက်ဆီးခံရတဲ့အတွက် လူပေါင်း ၇ သိန်းလောက် အင်တာနက် မရကြတော့ဘူးလို့ မိုင်တဲလ်ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြည်ပမီဒီယာတစ်ခုကို ပြောကြားထားပါတယ်။