ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးက ဘုန်းကြီးကျောင်းတွေမှာ ညအိပ်ဧည့်သည် လက်မခံဖို့ အာဏာသိမ်းစစ်ကောင်စီက စက်တင်ဘာ ၁၄ ရက်နေ့က စတင်ကြေညာခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်မြို့၊ အမှတ် ၂ ရပ်ကွက်က ဘုန်းကြီးကျောင်းမှာ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲပြီးနောက်ပိုင်းမှာ ခုလိုမျိုးကြေညာချက် ထွက်လာတာလို့ ကျောင်းထိုင်ဆရာတော်အချို့က မိန့်ပါတယ်။
"ဟိုတစ်နေ့ညပိုင်းက ဗုံးပေါက်တယ်၊ အဲ့နောက်ပိုင်း ကျောင်းတွေကိုဝင်စစ်တယ်၊ မနေ့က ကျောင်းတွေမှာ ဧည့်သည်လက်မခံဖို့ဆိုတဲ့ စာထွက်လာတာ” လို့ ဆရာတော်တပါးက မိန့်ပါတယ်။
ရဟန်းတော်များ သီတင်းသုံးတဲ့ ကျောင်းတိုက်တွေမှာ နေထိုင်သူ လူပုဂ္ဂိုလ်များအားလုံး ဖယ်ရှားဖို့နဲ့ ညအိပ်ဧည့်သည် လက်မခံဖို့ ဧရာဝတီတိုင်းသံဃနာယကအဖွဲ့က ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။