Home
မြန်မာသတင်း
စစ်တပ်ပစ်ခတ်မှုကြောင့် ဆည်တောရွာက အဘွားအို ၁ ဦးကျည်ထိ၊ လူငယ် ၃ ဦး ဖမ်းဆီးခံရ
DVB
·
September 16, 2021
242121628_534514464291416_4642921041481069562_n

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဆည်တောကျေးရွာမှာ စက်တင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အဘွားအိုတစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့ကာ ဒေသခံလူငယ် ၃ ဦးကိုလည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သေနတ်မှန်တဲ့ အဘွားက တောင်ယာလုပ်ငန်းကနေပြန်လာတဲ့အချိန် စစ်တပ်က ပုလဲဂန့်ဂေါကနေ ကလေးမြို့ဘက်ကို တက်လာပြီး သူတို့သွားရာ လမ်းတ‌လျှောက် သေနတ်တွေ ပစ်ပြီး တက်လာရာမှာ အခုလို ထိမှန်ခံလိုက်ရတာပေါ့ဗျာ။ မှန်တာက ခြေသလုံးကိုမှန်တာဗျ။ လူငယ်သုံဦးလည်း ဖမ်းသွားကြတယ်။ ဘာကြောင့်ဖမ်းတယ်လို့တော့ မသိဘူး။ ဆိုင်ကယ်တစ်စီးပေါ်လူသုံးယောက်ပူးစီးသွားရာကနေ အခုလိုဖမ်းသွားတာပဲ။ ရွာက  ကလေးတွေကို ဘာမှမလုပ်ဘဲ အခုလိုဖမ်းတာဟာ ပေါ်တာစွဲတာလို့ပဲ ပြောရမယ်” လို့ ရွာခံလူတစ်ယောက်က ပြောပါတယ်။

ဆည်တောကျေးရွာဟာ အိမ်ခြေ ၄၀၀ လောက်နဲ့ လူဦးရေ ၁၅၀၀ ဝန်းကျင်ရှိပါတယ်။ 

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက နေစဉ်ဆိုသလို နယ်မြေရှင်းလင်းရေးကို အကြောင်းပြပြီး အပြစ်မဲ့ရွာသားတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ အသက်ငယ်ရွယ်တဲ့ လူ ငယ်မှန်သမျှကို PDF အထင်နဲ့ ပစ်ခတ်ဖမ်းဆီး ရိုက်နက်စစ်ဆေးနေတာကြောင့် ဒေသတွင်းက လူငယ်လေးတွေရဲ့ လုံခြုံရေးအတွက် မိဘတွေ စိုးရိမ်ပူပန်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024