Home
မြန်မာသတင်း
ပုသိမ်မြို့တွင် ဗုံးလန့်မှုဖြစ်ပွား
DVB
·
September 16, 2021
241269280_1183936465424028_515676266361975792_n

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်မှာ စက်တင်ဘာလ ၁၅ ရက်နေ့က အွန်လိုင်းလျှော့ပင်းက ပစ္စည်းလာပို့တဲ့အထုပ်အား ဗုံးဟုထင်ပြီး ဗုံးလန့်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၃ ရပ်ကွက်၊ တောရကျောင်းလမ်းက အိမ်ကို ပါဆယ်လာပို့ချိန် အမည်နဲ့ နေရပ်လိပ်စာမပါတဲ့ အထုပ်အား ဖွင့်မကြည့်ရဲတာကြောင့် ရဲနဲ့စစ်တပ်က လာဖွင့်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"နာမည်မပါ၊ လိပ်စာမပါ ပစ္စည်း ပို့ခဲ့တဲ့ကားကလည်း သေချာမပြော၊ အိမ်ရှေ့အထုပ်ကို ဘုတ်စို ပစ်ချ၊ ပါဆယ်ဆိုပြီးအော်ပြီး မောင်းသွားတော့ စဥ်းစားစရာတွေဖြစ်ကုန်ရော ပြီးမှ ရဲတွေလာ၊ သူတို့လည်း နောက်ထပ်စစ်သားတွေထပ်ခေါ်ပြီးမှ စစ်သားတွေဖွင့်ကြည့်မှ အားဆေးဘူးတွေ ထွက်လာတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံ ရာအိမ်မှူးက ရဲကိုဖုန်းဆက်အကြောင်းကြားခေါ်တာကြောင့် ရဲနဲ့စစ်တပ်ရောက်လာပြီး လာရောက်စစ်ဆေးချိန် အားဆေးဘူး ၄ ဘူးကို တိပ်နဲ့ပတ်ထားတာတွေ့ပြီး ပိုင်ရှင်မရှိတာကြောင့် စစ်တပ်က သိမ်းယူသွားတယ်လို့ဆိုပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမှု ၁၃ ကြိမ်ထိရှိခဲ့ကာ ဗုံးလန့်မှု ၂ ကြိမ်ထိဖြစ်ပွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024