မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းရှေ့ကနေ ဖြတ်သန်းသွားနေတဲ့ ဆိုင်ကယ်တချို့ စက်တင်ဘာ ၁၄ ရက်နေ့ ည ၆ နာရီကျော်လောက်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်က ရဲစခန်းကင်းတဲကို ဗုံးခွဲတိုက်ခိုက်ခံရပြီးတဲ့နောက် အခုလို မသင်္ကာတဲ့ ဆိုင်ကယ်တွေကို ခြောက်လှန့်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့လည်း အမည်မဖေါ်လိုသူ ဒေသခံတဦးက ပြောပါတယ်။
ရဲစခန်းကို ရေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မကြာခဏ တိုက်ခိုက်ခြင်းကိုခံခဲ့ရသလို ရဲတပ်သားတွေမှာ ထိခိုက်ဒဏ်ရာရတာတွေ မရှိသေးပါဘူး။
စက်တင်ဘာ ၁၃ ရက်နေ့ကတော့ ရန်ကုန်- ရေး - ထားဝယ် ကားလမ်းမကြီး နှင်းစုံ ကျေးရွာအနီး လုံခြုံရေးယူနေတဲ့ ရဲတပ်သား ၁ ဦး ဓားနဲ့အနီးကပ်ထိုးသတ်ခံခဲ့ရပါတယ်။
အခုလို ရေးမြို့ PDF တွေရဲ့ ပြောက်ကျားစစ်ဆင်ရေးတွေ စတင်လှုပ်ရှားလာတာနဲ့အမျှ မြို့ပေါ်ရပ်ကွက် လူနေအိမ်တွေမှာ PDF တွေခုံလှုံနေတယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရင်ကထက် လုံခြုံရေးတွေကို နေ့ရောညပါ ပိုမိုတင်းကျပ်ထားပါတယ်။