Home
မြန်မာသတင်း
မင်းတပ်တွင် ရဲကားနှင့် ဆိုင်ကယ်တိုက်မိပြီး အမျိုးသား ၁ ဦး ခြေထောက်ပြတ်
DVB
·
April 7, 2024
MinDat_07042024

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှာ ရဲကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူအမျိုးသား ခြေတဖက်ဖြတ်လိုက်ရတယ်လို့ မင်းတပ်ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၆ ရက် နေ့လယ် ၁ နာရီအချိန်က မင်းတပ်မြို့၊ စံပြရပ်ကွက် လျှပ်စစ်ရုံးအကွေ့မှာ စျေးဝယ်ပြန်လာတဲ့ ဆိုင်ကယ်နဲ့ ရဲကား တိုက်မိခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဆိုင်ကယ်မောင်းသူအမျိုးသားမှာ ညာခြေတဖက် ဖြတ်လိုက်ရပြီး မင်းတပ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

မင်းတပ် ဒေသခံတယောက်က “ဆိုင်ကယ်မောင်းသူက ယောဘက် ဆန်သွားဝယ်ပြီးအပြန် ရဲကားကလည်း စစ်ဆရာဝန်သွားကြိုဖို့ အရှိန်နဲ့မောင်းလာချိန် တိုက်မိတာပါ၊ ညာခြေတဖက်ပြတ်ပြီး ဆေးသွင်း၊ သွေးသွင်းနေရတယ်။ ဆေးရုံကပဲ ကုပေးနေတုန်းပါ” လို့ ပြောပါတယ်။

ခြေထောက်ဖြတ်လိုက်ရတဲ့ ဆိုင်ကယ်မောင်းသူအမျိုးသားဟာ အသက် ၄၂ နှစ်အရွယ်ရှိပြီး မင်းတပ်မြို့ အနောက်ဘက် စံမင်းသီရိ ဘုရားကုန်းအောက်ဘက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013