စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းမှာ စစ်တပ်ပိုင် Mytel တိုင်ဝါတိုင် ၁ တိုင် စက်တင်ဘာ ၁၂ ရက် ညပိုင်းက ထပ်မံ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
မနေ့ည ၁၀ နာရီလောက်မှာ တမာပင်ခွကျေးရွာအနီးက Mytel တာဝါတိုင် မိုးခွဲဖျက်ဆီးခံရတာ ဖြစ်ပြီး မိုင်းမခွဲခင်က တာဝါတိုင်စက်ကို သံတူတွေနဲ့ အရင်ရိုက်ခွဲခဲ့ကာ အဲဒီနောက် မိုင်းခွဲဖျက်ဆီးလိုက်တာလို့ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။
စက်တင်ဘာလအတွင်းမှာ နိုင်ငံတဝန်း ဖောက်ခွဲ၊ ဖျက်စီး၊ မီးရှို့ခံရတဲ့ Mytel တာဝါတိုင်တွေ ၆၀ ကျော်ရှိသွားပြီဖြစ်ပြီး ယင်းမာပင်ခရိုင်အတွင်းက ပုလဲမြို့နယ် နဲ့ ယင်းမာပင်မြို့နယ်အတွင်းမှာရှိတဲ့ Mytel တာဝါတိုင်တွေဟာလည်း နေ့စဥ်လိုလို မိုင်းခွဲဖျက်ဆီးခံနေရတာလည်းဖြစ်ပါတယ်။
Mytel နဲ့ MPT တာဝါတိုင်တွေကို စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့ ညွှန်ကြားချက်ထွက်ပေါ်လာခဲ့ပေမယ့် Mytel တာဝါတိုင်ဖျက်ဆီးတာတွေဟာ ရပ်တန့်မသွားဘဲ ဆက်လက်ဖျက်ဆီးခံနေရဆဲ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင်ကလည်း တာဝါတိုင်တွေ မိုင်းခွဲတိုက်ခိုက်ဖျက်ဆီးမယ့်အစား သူ့ရဲ့စစ်ကောင်စီတပ်သားတွေကိုသာ တိုက်ခိုက်ကြဖို့ ပြောကြားထားပါတယ်။