ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ ဆင်မလိုက်လမ်းဆုံက ယာဉ်ထိန်းရဲရုံးမှာ စက်တင်ဘာ ၁၂ ရက် မနက် အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဆင်မလိုက်လမ်းဆုံက လူကူးခုံးတံတားအောက်မှာရှိတဲ့ ယာဉ်ထိန်း ရဲကင်းမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ရဲကင်း မှန်ချပ်အနည်းငယ် ကွဲကြေပျက်စီးသွားပေမဲ့ လူထိခိုက်တာ မရှိ ဘူးလို့ သိရပါတယ်။
NUG အစိုးရက D-Day ကြေညာပြီးနောက် ရန်ကုန်မြို့တွင်း မြို့နယ်တချို့မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့သလို စစ်ကောင်စီကလည်း လုံခြုံရေးတပ်တွေကို နေရာအနှံ့ ဖြန့်ချတာ ကင်းလှည့်နေပါတယ်။
(photo...crd)