ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်မှာ ရာအိမ်မှူး တစ်ယောက် စက်တင်ဘာ ၁၁ ရက် ညနေက သေနတ်အပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ညနေ ၆ နာရီခွဲလောက်ကအမှတ် (၁) ရပ်ကွက် မြို့သစ် (၄) လမ်းက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ လက်ဖက်ရည်သောက်နေတုန်း အမည်မသိ လူတစ်ယောက်က သေနတ်နဲ့ ၂ ချက် ပစ်သွားတာ”လို့ ဒေသခံက ပြောပါတယ်။
သေနတ်ပစ်ခံရသူဟာ ရာအိမ်မှူး ဦးစိန်သောင်းဖြစ်ပြီး သေနတ်ပစ်ခံရချိန်မှာ အသက်သေဆုံးခြင်းတော့မရှိဘဲ ဆေးရုံကားနဲ့ လာသယ်သွားတယ်လို့လည်း ဒေသခံက ပြောပါတယ်။
ရာအိမ်မှူး ဦးစိန်သောင်းကို ဘာကြောင့် ဘယ်သူက သေနတ်နဲ့လာပစ်သွားတယ်ဆိုတာ မသိရသေးပါဘူး။