မန္တလေးတိုင်းဒေသကြီး မြင်းခြံမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ထုတ်ရေး အဖွဲ့အစည်းအစုံက မိမိတို့ အသွင်သဏ္ဌာန်မျိုးစုံနဲ့ နည်းမျိုးစုံသုံးတိုက်ထုတ်နေကြရာက စက်တင်ဘာ ၁၁ ရက်နေ့က အဖွဲ့အစည်း ၅ ဖွဲ့ မဟာမိတ်ဖွဲ့စည်း လိုက်တယ်လို့ Myingyan Ranger(MGN Ranger) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းသွားဖို့ မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်းရှိ 27 Revolution Forcesအဖွဲ့၊ နှလုံးလှ လူမိုက်ကြီးများအဖွဲ့၊ Zero ပြောက်ကျားတပ်ဖွဲ့၊ 7 People Defense Force(SPDF) အဖွဲ့နဲ့ Myingyan Ranger(MGN Ranger) အဖွဲ့တို့ ပူးပေါင်းလိုက်တာလို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ် တိုက်ထုတ်ရေးအတွက် အဖွဲ့ ၅ ဖွဲ့ကို ဘုံသဘောတူညီချက်များအရ မဟာမိတ်ဖွဲ့စည်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။