Home
မြန်မာသတင်း
ဝက်လက်မြို့နယ်တွင် လူငယ်နှစ်ဦးကို စစ်တပ်က ဖမ်းဆီးပစ်သတ်
DVB
·
September 10, 2021
241669704_1205503009926083_5791509242652465510_n

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ပလိုင်းရွာဘက်ကဆင်းလာတဲ့ စစ်တပ်က စက်တင်ဘာ ၉ ရက်နေ့ နေ့လယ်ပိုင်းမှာ သမံသာရွာသားနှစ်ဦးကို ဖမ်းဆီးနှိပ်စက်ပြီး သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

**ရွှေပန်းကုန်းရဲစခန်း တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး၊ ရွှေဘိုပလိုင်းဘက်က စစ်တပ်က ရွာဘက်လာတယ်ကြားလို့ သမံသာ-‌ကျောက်တိုင် လမ်းဆုံဘက် ညိအစ်ကိုနှစ်ယောက်က လူတွေရှိနေတာပဲဆိုပြီး ထွက်ကြည့်ကြတာ။ အဲဒီလမ်းဆုံမှာ PDF ဟန်ဆောင်ထားတဲ့ စစ်သားတွေနဲ့တွေ့တော့ ဖမ်းဆီးစစ်ဆေးနှိပ်စက်ပြီး သေနတ်နဲ့ပစ်သွားတာ၊ အမေဖြစ်သူက စိတ်ပူလို့ ဖုန်းဆက်တော့ ပထမတခါကိုင်သေးတယ်၊ နောက်တခါဆက်တော့ အလောင်းလာယူလှည့်လို့ပြောတယ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့ အကြောင်းမဲ့ပစ်သတ်ခံရသူတွေဟာ သမံသာကျေးရွာသားနှစ်ဦးကတော့ ယဉ်မိုးလွင် ခေါ် ဘဒင် အသက် ၂၅ နှစ်နဲ့ သက်ပိုင်စိုး အသက် ၁၇ နှစ်တို့ဖြစ်တယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ မေ ၂ ရက်နေ့ကလည်း စစ်တပ်က သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းတာကြောင့် လူငယ်နှစ်ဦး ကျဆုံးခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024