လှိုင်သာယာတွင် စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် စစ်ဆေးနေ
DVB
·
September 10, 2021
ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ စက်တင်ဘာ ၁၀ ရက် ဒီနေ့ မနက် ၉ နာရီက စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ အင်အားအများအပြားနဲ့ စစ်ဆေးရေးတင်းကျပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဘာကိစ္စရှိတယ်တော့မသိဘူး၊ ရုံးရှေ့မှတ်တိုင်နားနဲ့ ကျန်စစ်သားလမ်းမပေါ်၊ CHID Bank ၊ ပညာရေးမှူးရုံး လမ်းထိပ်နား နေရာတွေမှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ အင်အားအများအပြားနဲ့ စစ်ဆေးမှုတွေပြုလုပ်နေတယ်”လို့ ပြောပါတယ်။
မြို့နယ်ရုံးရှေ့တဝိုက်နဲ့ အစိုးရရုံးတွေရှိတဲ့ လမ်းတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူထားတယ်လို့ ဆိုပါတယ်။