Home
မြန်မာသတင်း
မန္တလေး စိန်ပန်းရပ်က အမျိုးသား ၁ ဦး သေနတ်ဖြင့် ဒုတိယအကြိမ် ပစ်ခတ်ခံရ
DVB
·
September 10, 2021
240870596_1462467834139032_7106549350830045438_n

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ် ၄၁ လမ်း နဲ့ ၉၂ ဝန်းကျင်မှာ စက်တင်ဘာ ၉ ရက် ညနေ ၆ နာရီခွဲအချိန်လောက်က အမျိုးသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

သေနတ်နဲ့ ပစ်ခံရသူဟာ သံလျက်မော်အနောက်ရပ်ကွက်နေ ကိုမြင့်သူ ဆိုသူဖြစ်ပြီး လမ်းဘေး ခွေးတွေကို အစာကျွေးနေတဲ့အချိန် အမည်မသိ အမျိုးသား ၃ ဦးက လာရောက်ပစ်ခဲ့တာလို့ သိရပါတယ်။

စိန်ပန်းရပ်နေ ဒေသခံတစ်ဦးက “ပစ်ခံရသူက ဒါနဲ့ဆို နှစ်ကြိမ်မြောက်ရှိပြီ သေနတ်နဲ့ ပစ်ခံရတာ။ အရင်ကလည်း တခါ ပစ်ခံရတယ် မသေဘူး” လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရသူမှာ လည်ပင်း၊ ဗိုက် ချက်အပေါ် နဲ့ ပေါင်တို့မှာ စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး မန္တလေးဆေးရုံကြီးကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

သေနတ်ပစ်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေရေ ာက်လာပြီး စစ်ဆေးတာတွေ လုပ်တယ်လို့ သိရပါတယ်။

ဦးမြတ်သူဟာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ကာ ဩဂုတ် ၁၃ ရက်နေ့ကလည်း သေနတ်နဲ့ ပစ်ခံရပြီး ဦးခေါင်းရှပ်ထိဒဏ်ရာ ရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024