Home
မြန်မာသတင်း
စမ်းချောင်းတွင် စစ်ကားဗုံးကွဲပြီးနောက် FoodPanda ပို့သူ ၁ ဦးနှင့် လူငယ်အချို့ဖမ်းဆီးခံရ
DVB
·
September 9, 2021
240530281_1459794374391700_4630870588826697007_n
pppttgg
000000000000000000000

ရန်ကုန်၊ စမ်းချောင်းမြို့နယ်မှာ စက်တင်ဘာ ၉ ရက်  ဒီနေ့ ညနေ စစ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေက  FoodPanda ပို့တဲ့ဝန်ထမ်းနဲ့  လူငယ်တချို့ကို အကြမ်းဖက်ဖမ်းဆီး စစ်ဆေးနေပါတယ်။ 

လက်ရှိအချိန်အထိ FoodPanda ပို့ဝန်ထမ်းတစ်ဦးအပါအဝင် လူငယ် သုံးဦးထက်မနည်းဖမ်း ဆီးစစ်ဆေးခံထားရတယ်လို့ ဒေသခံတွေက ပြောပေမဲ့ အသေးစိတ်ကို အတည်မပြုနိုင်သေးပါဘူး။ 

စမ်းချောင်းမြို့နယ်မှာ ဒီနေ့ညနေ ၄ နာရီလောက်က စစ်ကားတစ်စီး ဗုံးခွဲခံရပြီးနောက် စစ်ကောင်စီတပ်ကဗားကရာအနီး ကိုးထပ်ကြီးဘုရားဝန်းကျင်၊ ဗဟိုလမ်း၊ ရှမ်းလမ်း၊ ဟံသာဝတီဂတ်စ်ဆိုင်ရှေ့၊ ဆင်မလိုက်ဈေးနားတို့မှာ ပိတ်ဆို့စစ်ဆေးနေသလို လှည့်လည်စစ်ဆေးနေတာတွေလည်း ရှိနေတယ်လို့သိရပါတယ်။

စမ်းချောင်းမှာနေထိုင်သူတစ်ဦးက “တောက်လျှောက်ကားတွေနဲ့ပတ်နေပြီး ပစ်သံတွေကတော့ ၄ နာရီကျော်လောက်က တောက်လျှောက်ကြားရတယ်။ အခုတော့ ပစ်သံမကြားတော့ဘဲ အပြင်လည်းမထွက်ရဲတော့ဘူး”လို့  ပြောပါတယ်။

စစ်ကားကို အမည်မသိအဖွဲ့က လက်ပစ်ဗုံးပစ်သွင်းဖောက်ခွဲခဲ့တာဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးကာ တချို့ဒဏ်ရာရရှိသွားတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

စမ်းချောင်းမြို့နယ်မှာနေထိုင်သူတစ်ဦးက “စစ်ကားသွားနေတုန်း ဗုံးလှမ်းထည့်တာ။ ၂ ဦးသေတယ်ကြားတယ်  ဒဏ်ရာရတဲ့သူလည်း  ရှိတယ် အခု ကားတွေတားပြီးစစ်နေတယ်၊ လမ်းတွေထဲအထိ လူတွေကို လိုက်ရှာနေကြတယ် သေနတ်ပစ်သံတွေလည်းကြားတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်

လက်ရှိမှာတော့ စမ်းချောင်းမြို့နယ်တွင်း လမ်းတွေပိတ်ဆို့ထားပြီး ဖြတ်သန်းသွားလာတဲ့ ကားတွေနဲ့ လူငယ်တွေကို စစ်ဆေးနေတယ်လို့  ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024