မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ အိမ်ရာအနီး ၄၉ လမ်း၊ ၁၁၇ လမ်း နဲ့ ၁၁၈ လမ်းကြားမှာ စက်တင်ဘာ ၈ ရက် ည ၇ နာရီကျော်အချိန်က ပေါက်ကွဲမှုတခုဖြစ်ခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့အနီးမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတာရှိကာ ပေါက်ကွဲမှုဖြစ်အပြီးမှာ မြရည်နန္ဒာ အိမ်ရာအတွင်း ဆိုင်တွေပိတ်တာနဲ့ မီးပိတ်နေကြတာတွေရှိတယ်လို့ အိမ်ရာမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“ပေါက်ကွဲအပြီးမှာ လမ်းပေါ်ဘယ်သူမှ သိပ်မရှိတော့ဘူး။ အိမ်ရာထဲဆိုင်တွေလည်းပိတ်။ မီးတွေလည်း ပိတ်ပြီးနေကြတယ်။ စိုးရိမ်ကြတာပေါ့။ ထိခိုက်ဒဏ်ရာရတယ်ဆိုတာတော့ မကြားဘူး။”
စက်တင်ဘာလ ၈ ရက် နေ့လယ်ပိုင်းကလည်း အမှတ် ၆ ရဲစခန်း လက်လုပ်ဗုံးနဲ့ ပစ်ခံရတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး။