စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်းမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင် ၄ တိုင်ရဲ့ စက်တွေ စက်တင်ဘာ ၇ ရက် ညပိုင်းက မိုင်းခွဲဖျက်ဆီးခံရတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “စက်တင်ဘာ ၇ ရက်ည ၁၁ နာရီကျော်လောက်မှာ မိုင်တဲလ်တာဝါတိုင်စက်တွေကို မိုင်းခွဲဖျက်ဆီးခံလိုက်ရတာ။ ဘယ်အဖွဲ့က လုပ်တယ်လို့တော့ မသိဘူး” လို့ ပြောပါတယ်။
ဖောက်ခွဲဖျက်ဆီးခံရတဲ့ တာဝါတိုင်တွေကတော့ ထန်းခင်းကြီးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ခေါ်သန္တီကျေးရွာ၊ နဂါးမတောင်ကျေးရွာ စတဲ့ ကျေးရွာတွေအနီးက တာဝါတိုင်စက်တွေဖြစ်တယ်လို့ ဆိုပါတယ်။
လက်တလောရက်တွေမှာ နေရာအတော်များများက မိုင်တဲလ်တာဝါတိုင်စက်တွေ ဖျက်ဆီး ခံနေရပြီး ယင်းမာပင်ခရိုင်အတွင်း ပုလဲမြို့နယ်က ၄ တိုင် နဲ့ ယင်းမာပင်မြို့နယ်က ၂ တိုင် ဖြစ်ပါတယ်။