စစ်ကိုင်းတိုင်း မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ နေအိမ်တခုကို စက်တင်ဘာ ၆ ရက် ညနေ ၃ နာရီလောက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး MATA အဖွဲ့ဝင်တစ်ဦး အပါအဝင် လူ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ တာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (MATA) က အဖွဲ့ဝင် ကိုကျော်မင်းထွဋ် နဲ့ ညီအရင်းဖြစ်သူ ကိုကျော်မင်းအောင် အပါအဝင် ၃ ဦး ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါ့အပြင် ကိုကျော်မင်းထွဋ်ရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်စောလှိုင်နဲ့ (၂) နှစ်အရွယ် ကလေးငယ်ကို စက်တင်ဘာလ ၅ ရက်နေ့က ဖမ်ဆီးခဲ့ပြီး ဒီလုပ်ရပ်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းတွေနဲ့ များစွာသွေဖည် အကျည်းတန်တဲ့ လုပ်ရပ်အဖြစ်ရှုမြင်တယ်လို့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ တာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (MATA) က ထုတ်ပြန်ထားပါတယ်။
ကိုကျော်မင်းထွဋ်ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေသူဖြစ်ကာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတောင်းဆိုနေသူ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကိုကျော်မင်းထွဋ် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံရေးအကျည်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ အာဏာသိမ်းတဲ့လုပ်ရပ်ကို ရပ်တန့်ဖို့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ တာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (MATA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပုထားပါတယ်။