Home
မြန်မာသတင်း
နမ်းမားမြို့တွင် စစ်ကောင်စီ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၃ ဦး ပစ်ခတ်ခံရ၊ ၂ ဦးသေဆုံး
DVB
·
September 7, 2021
241171624_3024455274548880_4056361465207076805_n

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ်းမားမြို့ ညောင်ပင်သာရွာမှာ စက်တင်ဘာ ၆ ရက် ညနေ ၄ နာရီလောက်က  စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့ဝင်သုံးဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး နှစ်ဦး သေဆုံးခဲ့ပါတယ်။

ညောင်ပင်သာကျေးရွာရှိ မြင့်မြတ်စေတနာဆီဆိုင်အနီးမှာ အမည်မသိအဖွဲ့က ဆိုင်ကယ်နဲ့ လာရောက် ပစ်ခတ်ခဲ့တဲ့အတွက်  နမ်းမား ပြည်သူ့စစ်ခေါင်းဆောင် ချစ်ကိုနဲ့ ပြည့်သူ့စစ်အဖွဲ့ဝင် ထွန်းထွန်းတို့ သေဆုံးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

"ပြည်သူ့စစ်ခေါင်းဆောင် ချစ်ကိုက  ဗိုက်ကို မှန်တယ်။ သူက အရင်က စစ်မှုထမ်းဟောင်းပဲ။ ထွန်းထွန်းလည်း ထိတယ်။ နှစ်ယောက်စလုံးသေတယ်။ စိုးလွင်က ဒဏ်ရာရတယ်။ သူတို့ ဘက်ကလည်း ပြန်ပစ်တယ်။ နှစ်ဘက်စလုံး ပစ်ကြတာပဲ။" 

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရသူ တစ်ဦးတို့ကို မိုးညှင်းပြည်သူ့ဆးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

နမ်းမားမြို့မှာ ဇွန် ၁ ရက် မနက်ပိုင်းကလည်း အုပ်ချုပ်ရေးမှူးဟောင်း နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးဖြစ်တဲ့ ဦးအေးမင်း  သေနတ်နဲ့ ပစ်သတ် ခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024