စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မောက်လုပ်ကျေးရွာ နဲ့ အထက်ငနန်းကျေးရွာကြားမှာ ရှိတဲ့ MYTEL TOWER တိုင်စက်ဟာ စက်တင်ဘာ ၄ ရက် ညပိုင်းက မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
ဒေသခံ တစ်ဦးက “မနေ့ကညပိုင်း ၉ နာရီလောက်မှာ ပေါက်ကွဲသံ ကြားလိုက်ရတယ်။ ညကြီးဆိုတော့ သွားမကြည့်ရဲကြဘူး။ ဒီနေ့မနက်ကျမှာ မိုင်တဲတာဝါတိုင်စက် မိုင်းခွဲဖျက်ဆီးခံ လိုက်ရတာဖြစ်ကြောင်း သိရတာ” လို့ ပြောပါတယ်။
ယင်းမာပင်မြို့နယ်မှာ စက်တင်ဘာ ၄ ရက် နေ့လယ်ပိုင်းလောက်ကလည်း မိုင်တဲတာဝါတိုင်စက်တလုံး ဖျက်ဆီးခံခဲ့ရသလို ညပိုင်းမှာလည်း နောက်ထပ်စက်တလုံး ထပ်မံဖျက်ဆီးခံရတာဖြစ်ပြီး စက်တင်ဘာ ၄ ရက် တစ်ရက်တည်း မိုင်တဲတာဝါတိုင်စက် ၂ လုံး ဖျက်စီးခံလိုက်ရတာပါ။