Home
မြန်မာသတင်း
မိုးကုတ်မြို့ လျှပ်စစ်ရုံးနှင့် စည်ပင်ရုံးတို့တွင် ဗုံးကွဲ
DVB
·
September 3, 2021
240186097_824482031459163_1947772411946676710_n

မန္တလေးတိုင်း၊ မိုးကုတ်မြို့က နေရာ ၂ ခုမှာ  စက်တင်ဘာ ၃ ရက်က ဒီကနေ့  ဗုံးပေါက်မှုဖြစ်ခဲ့ပြီး လူတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီမနက် ၉ နာရီဝန်းကျင်က မြို့နယ်လျှပ်စစ်ရုံးဝန်းထဲ ဗုံးပေါက်ခဲ့ပြီး နေ့လယ် ၂ နာရီ ဝန်းကျင်မှာ  မြို့နယ်စည်ပင်ရုံးအနီး ဗုံးပေါက်ကွဲခဲ့တာပါ။

 "မနက်က လျှပ်စစ်ရုံးထဲကွဲတယ်၊ လူအထိအခိုက်တော့မကြားဘူး ၊ ခုနေ့လယ်က စည်ပင်ရုံးနားကွဲတယ်။ မှန်တွေ လမ်းမ​ပေါ် အကုန်လွင့်သွားတယ်၊ ထိခိုက်တာတော့ မကြားသေးဘူး"လို့ဒေသခံတစ်ဦးကဆိုပါတယ်။

အဆိုပါ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ သူတို့ရဲ့ လက်ချက်လို့ ကြေညာတာ မရှိသေးပါဘူး။ 

မိုးကုတ်မြို့မှာ စက်တင်ဘာ ၁ ရက်က  မြို့နယ်လျှပ်စစ်မီတာရုံးကနေ မီတာဆောင်ကြဖို့ မီတာ စာရွက်တွေ လိုက်ဝေနေခဲ့ပြီး စည်ပင်ရုံးကလည်း အခွန်တွေ ကောက်နေတယ်လို့ ဒေသခံတွေဆီကပြောပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးကတည်းက ဩဂုတ် ၂၆ ရက်အထိ  ဗုံးပေါက်ကွဲမှုပေါင်း ၄၆၇ ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ ၁၂၆ ဦးရှိခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီးက ပြီးခဲ့တဲ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024