အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီအဖွဲ့ ဒုတိယ ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရတို့ ရုရှားနိုင်ငံမှာ ရောက်ရှိနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီ ဒုတိယ ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံမှာ ကျင်းပတဲ့ International Army Games-2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ဖို့ စက်တင်ဘာ ၁ ရက်ကတည်းက ရုရှားနိုင်ငံကိုထွက်ခွာသွားတာဖြစ်ပါတယ်။
မနေ့မနက်ကတော့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သို့ သွားရောက်ပြီး သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရနဲ့ ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယတို့ကို ဖူးမြော် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Photo-DSINFO