ပုလဲမြို့နယ်အတွင်း ခင်သာကျေးရွာက အပြစ်မဲရွာသားနှစ်ဦးကို စက်တင်ဘာ ၁ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ် ခလရ-၅၀ ဗိုလ်ကြီးထွန်ရာကျော်ဦးစီးတဲ့ တပ်က သတ်ဖြတ်သွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
ပုလဲနယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူကာကွယ်ရေးပြောက်ကျားအဖွဲ့တို့ ဩဂုတ်လ ၃၁ ရက်နေ့က စစ်ရင်နဲ့ တောင်ရင်းကြားမှာ တိုက်ပွဲ တစ်ကြိမ်ဖြစ်ခဲပြီးနောက် စက်တင်ဘာ ၁ ရက်နေ့က ခင်သာကျေးရွာဘက် ရောက်လာပြီးနောက် အပြစ်မဲ့ရွာသားနှစ်ဦးကို သတ်ဖြတ်ခဲ့တာလို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
“အပစ်မဲ့ရွာသားတစ်ဦးကို သတ်ဖြတ်တယ်၊ သတ်ပြီးတော့ ယင်မားချောင်းထဲကို ပစ်ချထားခဲတာ ဒီနေ့မှ အလောင်းတွေကို တွေ့ရတယ်ဗျ။ တစ်ဦးကအမျိုးသား အသက်က ၃၅ ပါ၊ အမည်က ကိုသန်းဌေးဗျ။ တစ်ဦးက အမျိုးသမီး အသက်က ၆၀ ကျော်အပျိုကြီး စိတ်မနှံ့သူဗျ။မ ဒိန်းကျင့်ပြီး သတ်ထားခဲ့ကြတာ။”
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ပုလဲမြို့နယ်အတွင်း စစ်ရင်ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေပြီး ပစ္စည်းတွေ ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။
ပြည်သူကာကွယ်ရေးပြောက်ကျားတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဩဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာ ၁ ရက်နေ့အထိ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားပြီး အကျဆုံးရှိခဲ့တယ်လို့ သိရပါတယ်။