လှိုင်သာယာတွင် ဆိုင်ကယ်စီးလာသူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်၊ ၁ ဦး သေဆုံး
DVB
·
September 2, 2021
ရန်ကုန်တိုင်း၊ ဒေသကြီးလှိုင်သာယာမြို့နယ်၊ တံတားဖြူးမှတ်တိုင်အနီး ညောင်တုန်းလမ်းမပေါ်မှာ စက်တင်ဘာ ၁ ရက် ည ၁၀:၁၅ မိနစ်ခန့်က ဆိုင်ကယ်စီးလာတဲ့ ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပစ်ခတ်ခံရတဲ့လူတွေကိုတော့ မသိဘူး၊ တစ်ဦးသေနတ်မှန်ပြီးသေတယ်၊ သုံးဦး ဖမ်းခံလိုက်ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ဆိုင်ကယ်အား တားဆီးရာမှာ ရပ်မပေးတာကြောင့် ပစ်ခတ်ဖမ်းဆီးတာလို့ သိရပါတယ်။