စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် တိုက်ခိုက်နေတဲ့ မင်္ဂလာဒုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (MGDN-PDF) နဲ့ ပြည်သူ့ပြောက်ကျားတပ်ဖွဲ့ (မင်္ဂလာဒုံမြို့နယ်) တို့ မဟာမိတ်အဖြစ်ပူးပေါင်း လိုက်ကြောင်း စက်တင်ဘာ ၂ရက်နေ့စွဲနဲ့ ကြေညာပါတယ်။
မင်္ဂလာဒုံပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြောက်ကျားတပ်ဖွဲ့ (မင်္ဂလာဒုံမြို့နယ်) တို့ဟာ တူညီသောရည်ရွယ်ချက်တွေနဲ့ ရှေ့ဆက်ကာ အပြန်အလှန်လေးစားလိုက်နာတဲ့ မဟာမိတ်အဖွဲ့တွေအဖြစ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မင်္ဂလာဒုံပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရနနဲ့ စစ်အာဏာရှင်စနစ်အကြွင်းမဲ့ချုပ်ငြိမ်းစေဖို့ တခြားမြို့နယ်အသီးသီးမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
မင်္ဂလာဒုံမြို့နယ် ၊ ထောက်ကြန့် မြို့ရှောင်လမ်းနဲ့ မှော်ဘီမြို့နယ် (စုပေါင်းရုံး) အကြား ဩဂုတ် ၃၁ ရက်ညက ကျယ်လောင်တဲ့ ပစ်ခတ်သံတွေ အချက်ရေပေါင်းများစွာ ကြားခဲ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။ ဒါပေမဲ့ ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ အသေးစိတ်မသိရသေးပါဘူး။