Home
မြန်မာသတင်း
မင်္ဂလာဒုံ ဗဟိုတပ်ထိန်းတပ် ကင်းဂိတ် တိုက်ခိုက်ခံရ
DVB
·
July 18, 2024

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ဗဟိုတပ်ထိန်းတပ်ရဲ့ ကင်းဂိတ်ကို ဇူလိုင် ၁၆ ရက် ည ၈ နာရီ ဝန်းကျင်ခန့်က Yangon Army (YA) နဲ့ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Yangon Army (YA) နဲ့ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မင်္ဂလာဒုံ ဗဟိုတပ်ထိန်းတပ် ကင်းဂိတ်ကို ပြင်းအားမြင့် လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိတယ်လို့ Yangon Army (YA) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“မစ်ရှင်လုပ်တဲ့အချိန်အတွင်း တိုက်ရိုက်ထိခိုက်တာကတော့ အနည်းဆုံး ၂‌ ယောက် ထိခိုက်သွားတယ်။ နောက်ပိုင်း အထိအခိုက်ကတော့ တပ်ရင်းဂိတ်တွေဖြစ်တဲ့အတွက် သတင်းစုံစမ်းမရပါဘူး။”

အဲဒီတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုတွေ ရှိခဲ့ပေမဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက်မရှိဘူးလို့ သိရပြီး ဇူလိုင် ၁၆ ရက် ညမှာ ရန်ကုန်မြို့ရဲ့ နေရာအနှံ့ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ လမ်းပိတ်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဇူလိုင် ၇ ရက်ကလည်း အင်းစိန်မြို့ရှိ အမှတ် ၁ တပ်မတော် စစ်သားစုဆောင်းရေးတပ် ဂိတ်ကိုလည်း Yangon Army (YA) နဲ့ ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013