Home
မြန်မာသတင်း
ပုလဲ PDF နှင့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံး
DVB
·
September 1, 2021
241043272_525476678528528_6064003394350859615_n

ပုလဲမြို့နယ်၊ ရေသာရွာနဲ့ ဆည်ကြီးရွာအကြား အကြမ်းဖက်စစ်‌ကောင်စီတပ်နဲ့ ပုလဲဒေသခံ PDF ပြောက်ကျားတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ရင်ကျေးရွာကနေ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ  ဩဂုတ်လ ၃၁ ရက်နေ့မှာ စစ်ရင်ရွာရဲတောင်ဘက်ကို စစ်ဆင်ရေးပြုလုပ်လာတာကြောင့် ညနေ ၅ နာရီကျော်လောက်မှာ ဒေသခံပြည်သူကာကွယ်ရေးတပ်မတော် ပုလဲမြို့နယ် PDF ပြောက်ကျားအဖွဲ့နဲ့ တောင်ရင်း ဆည်ကြီးကြား မှန်တောပြင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ကျ​နော်တို့ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ အဲဒီ​နောက် တိုက်ပွဲ ၁၅ မိနစ်​လောက်ဖြစ်ခဲ့တယ်။ စစ်​​ကောင်စီဘက်က ၁ ဦး ကျဆုံးတာက​တော့ ကျ​နော်တို့ အတည်ပြုလို့ရတယ်။ ဒဏ်ရာရသူလည်း များနိုင်တယ်။ ဒဏ်ရရသူ ဘယ်လောက်ရှိ မလဲတော့ ကျ​နော်တို့ အတည်မပြုနိုင်ဘူး။ ထုံးစံအတိုင်းပဲ ဒီကောင်တွေ အနီးအနားကို ရမ်းပစ်တာ‌တွေ ရှိတယ်။ ကျ​နော်တို့ PDF အဖွဲ့က​တော့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူး။”

စစ်ကောင်စီအကြမ်းဖက်စစ်တပ်ဟာ ပုလဲမြိုနယ်အတွင်း စစ်ကြောင်းများ အဖွဲ့နှစ်ဖွဲ့ခွဲပြီး လှုပ်ရှား‌နေကာ နှစ်ဖက်တင်းမာမှုကတော့ လက်ရှိအချိန်ရှိနေဆဲဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားမှုနဲ့ သေဆုံးဒဏ်ရာရမှု အခြေအနေတွေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024