Home
မြန်မာသတင်း
စစ်ကိုင်းမြို့ အနိမ့်ပိုင်းရပ်ကွက်တစ်ချို့တွင် ဧရာဝတီမြစ်ရေ စတင်ဝင်ရောက်
DVB
·
September 1, 2021
240530571_3066139913643047_7701500771737601702_n
240499832_3066139963643042_5525429058628014176_n
240114835_3066139866976385_6293963541245956925_n
239896777_3066140026976369_4627923560766705206_n

စစ်ကိုင်းမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်တချို့မှာ သြဂုတ် ၃၀ ရက်မှစတင်ပြီး ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့က သိရပါတယ်။

စစ်ကိုင်းမြို့နယ်၊ စိန်ကုန်းရပ်ကွက်နဲ့ ထုံဘိုရပ်ကွက်ရှိ နေရာတချို့မှာ မြစ်ရေ ဝင်ရောက်နေ ပါတယ်။ လက်ရှိမှာတော့ စိုးရိမ်စရာအခြေအနေ မဟုတ်သေးပေမယ့် ပြောင်းရွှေ့ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။

စစ်ကိုင်းမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ သြဂုတ် ၃၁ ရက်က ၁၀၈၈ စင်တီမီတာ ရောက်ရှိ နေပြီး စိုးရိမ်ရေအမှတ် ရောက်ရှိရန် ၂ပေ (၆၂ စင်တာမီတာ) လိုတော့တာပါ။

စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနက နှစ်စဉ် ရေဝင်ရောက်လေ့ရှိတဲ့ ရပ်ကွက်တွေမှာ ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ အသိပေးနှိုးဆော်တာတွေ လုပ်ဆောင်နေပါတယ်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ မြစ်ရေမြင့်တက်ပြီး ရေဝင်ရောက်နေတဲ့နေရာတွေက အိမ်ထောင်စုတွေအနေနဲ့ ပြောင်းရွှေ့ခြင်းပါက စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာန  ဖုန်း 191/ 072-21502 သို့ အချိန်မရွေး ဆက်သွယ်အကူညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024