ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်) အတွင်း ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၃၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၁၁ ဦး သေဆုံးပြီး ၆၈ ဦး ဒဏ်ရာရရှိကြောင်း မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ တပ်ရင်းမှူးတဦး ပါဝင်ကြောင်း နဲ့ ကေအန်ယူ တပ်မဟာ ၆ ဘက်မှာတော့ ၅ ဦးဒဏ်ရာရရှိကာ ကျဆုံးသူ တဦးတယောက်မှ မရှိကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ပြည်သူတွေ လုပ်ကိုင်စားသောက်ရာ လယ်ယာ၊ ဥယျာဉ်ခြံမြေတွေအတွင်း လက်နက်ကြီးအလုံးပေါင်း ၁၂၀ ပစ်ချခဲ့ကြောင်း၊ ပြည်သူ့အိမ်ရာ ၆ လုံး မီးလောင်ပျက်စီးကာ သာမန်ပြည်သူ ၃ ဦး ရိုက်နှက်ခံရပြီး ၁ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
မူတြော် (ဖာပွန်) ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း လေယာဉ် ၅ ကြိမ် လာရောက်ထောက်လှမ်းခဲ့တဲ့အတွက် ဒေသခံ ပြည်သူတွေအနေနဲ့ ဘန်ကာတွေ၊ ဗုံးခိုကျင်း သွားရောက်ခိုလှုံဖို့နေရာ ပြင်ဆင်ထားဖို့ တပ်မဟာ ၅ ခေါင်းဆောင်တွေက ညွှန်ကြားထားတယ်လို့ သိရပါတယ်။