စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မဈေးကြီးမှာ ဩဂုတ်လ ၃၀ ရက် ည ၇ နာရီလောက်က မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ဈေးသည်တစ်ဦးက “ဈေးကြီးအလယ်လောက်ကစပြီးလောင်တာ။ ရှို့မီးလို့တော့ပြောတယ်။ ကိုယ့်ပစ္စည်းတွေကိုယ်သယ်ဖို့ အပေါက်ဖွင့်မပေးသေးလို့ စောင့်နေကြတာ။ စစ်သားတွေရော ရဲတွေရော ရောက်နေကြတယ်။ နောက်ထပ်ရင်းထားတဲ့ အရင်းနှီးလေးတွေ ပြုတ်အောင်လုပ်လိုက်တာပါပဲဗျ” လို့ DVB ကိုပြောပါတယ်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။
ရွှေဘိုမြို့မဈေးကြီးမှာ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ကလည်း ဆိုင်ခန်းပေါင်း တစ်ထောင်ခန့် မီးလောင်ကျွမ်း ဆုံးရှုံးခဲ့ပါတယ်။