မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦး သြဂုတ် ၃၀ ရက် မနက် ၁၀ နာရီခွဲလောက်က ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မနက် ၆ နာရီ ကျော်လောက်က စစ်ကောင်စီက စစ်ကား ၃ စီးနဲ့ ဘုရားလှရွာသားတစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီး မကြာခင်မှာပဲ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်နွယ်ပစ်ခတ်ခံရပြီး သေဆုံးသွားတာဖြစ်ပါတယ်။
ဘုရားလှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်နွယ်ဟာ ဒလန်လုပ်တာ၊ သတင်းပေးတွေ ပြုလုပ်နေတာကြောင့် ပစ်သတ်လိုက်တာဖြစ်တယ်လို့ TTA ပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားပါတယ်။
တောင်သာမြို့နယ်မှာ ဒီနေ့ထိ အမျိုးသမီးတစ်ဦးအပါအဝင် အုပ်ချုပ်ရေးမှူး ၆ ဦးထိ အသတ်ခံထားရပါတယ်။