ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် အမှတ် ၁ ရက်ကွက် သမိုင်းမြို့ဟောင်း ၈ လမ်းမှာ ဖွင့်လှစ်ထားတဲ့ ကမ္ဘာရတနာဘဏ်ကို သြဂုတ် ၃၀ ရက် ဒီမနက် ၁၁ နာရီလောက်က ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းသိရပါတယ်။
Mark ll ကားနဲ့ လူ ၄ ယောက် ရောက်လာပြီး ပစ္စတိုသေနတ်ကိုင်ကာ ဘဏ်ထဲဝင် ဓားမြတိုက်ပြီး ကားနဲ့ မောင်းနှင်ထွက်ပြေးသွားခဲ့ကာငွေ ဘယ်လောက်ပါသွားတယ်မသိရသေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ကမ္ဘာ့ရတနာဘဏ်ဟာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်ကို အများနဲ့ သက်ဆိုင်သောကုမ္ပဏီအဖြစ် ပြောင်းလဲ ဖွဲ့စည်းထားတဲ့ အများပိုင်ဘဏ်တစ်ခုဖြစ်ပါတယ်။