မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (ခ) ရပ်ကွက် ၇၂ လမ်း၊ ၁၁၆ လမ်း (ပျူစောထီးလမ်း) နဲ့ ၁၁၇ လမ်းကြားမှာ သြဂုတ် ၂၉ ရက် မနက် ၂ နာရီ ၅၀ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
၂ ထပ်အိမ် အပေါ်ထပ်အိပ်ခန်းမှာ တပ်ဆင်ထားတဲ့ လျှပ်စစ်ဘုတ်ခုံမှ ရှော့ဖြစ်ပြီး အနီးရှိ အိပ်ရာပေါ် မီးပွားကျကာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာပါ။
မီးလောင်မှုကြောင့် ၂ ထပ် လူနေအိမ် ၁ လုံးနဲ့ အတွင်းပစ္စည်း မီးလောင်ခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၃၂ သိန်းခန့် ရှီတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မီးလောင်ရာကို ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့တွေ သွားရောက်ငြိမ်းသတ်ခဲ့ရာ မနက် ၃ နာရီ ၁၄ မိနစ်မှာ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ အဆင့်မြင့်ရဲစခန်းက ပုဒ်မ-၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။