ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့မှာ မူဆယ်မြို့စီးပွားရေး လုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး တရက်ကို လူဦးရေ ၂၅၀၀ စာအတွက် သြဂုတ်လ ၂၇ ရက်နေ့အထိ ၁ လတိတိ အစားအသောက်လှူဒါန်းပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အဓိကကတော့ လက်လုပ်လက်စားလူတွေအတွက်ပေါ့၊ လာယူတဲ့သူတွေလည်း လက်လုပ်လက်စားတွေ၊ နယ်ဝေးကတွေ များတယ်၊ ၁ လတိတိ လှူပေးခဲ့တယ်၊ လာယူသူတွေလည်း များတယ်” လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဇူလိုင်လ ၂၇ ရက်နေ့က စတင်ကာ သြဂုတ် ၂၇ ရက်နေ့ထိ ၁ လတိတိ နေ့စဥ် လှူဒါန်းပေးခဲ့တာဖြစ်ပြီး ကိုဗစ်ကာလဖြစ်တာကြောင့် လာယူသူတွေ Mask မပါပါက Mask ပေးပြီး ဆေးဖြန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
တရက်ကို လူဦးရေ ၂၅၀၀ စာအတွက် ၁ လတိတိ မူဆယ်မြို့စီးပွားရေးလုပ်ငန်းရှင်များ အသင်းက ဦးဆောင်ပြီး တခြားအလှူရှင်တွေလည်း ပူးပေါင်းကာ လှူဒါန်းပေးခဲ့တာလို့ သိရပါတယ်။
သြဂုတ်လ ၂၇ ရက်နေ့က နောက်ဆုံးဝေပေးတဲ့နေ့ဖြစ်တာကြောင့် လာတန်းစီတဲ့သူများပြီး လှူဒါန်းဖို့မလောက်တာကြောင့် လူဦးရေ ၂၀၀ ဝန်းကျင်အတွက် မပေးလိုက်ရဘူးလို့ သိရပါတယ်။