ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ချိကယ်၊ ထေးသမရှိ စစ်ကောင်စီရဲ့ စီပွားရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel ရုံးမှာ သြဂုတ် ၂၆ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားပြီး အဆောက်အအုံ မီးလောင်ခဲ့တယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
လွိုင်ကော်မှာ ဩဂုတ် ၂၅ ရက်နေ့က မင်္ဂလာရပ်ကွက်က Mytel ရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို ဩဂုတ် ၂၃ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်က Mytel တာဝါတိုင် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး သြဂုတ် ၂၆ ရက်ညကလည်း Mytel ရုံးပေါက်ကွဲမှုက ဗုံးခွဲခံရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမီးလောင်မှုကြောင့် အဆောက်အအုံမီးလောင်မှုဖြစ်ခဲ့ပြီး လူထိခိုက်မှု မသိရသေးဘူးလို့ သိရပါတယ်။