မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကန်သာရွာက နာရေးကားတစ်စီးကို သြဂုတ် ၂၄ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုတွေက မီးရှို့ ဖျက်ဆီးသွားပါတယ်။
မြစ်သာတံတား လမ်းခွဲက ကားဝပ်ရှော့မှာ ရပ်ထားတဲ့ ကန်သာကျေးရွာက နာရေးကူညီမှု အနက်ရောင် SURF ကားတစ်စီးကို အကြမ်းဖက်စစ်အုပ်စုတွေက မီးရှို့သွားတာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
ဂန့်ဂေါမြို့နယ်ထဲမှာ ခုရက်ပိုင်းအတွင်း ဂန့်ဂေါ-ကလေး ကားလမ်းအတိုင်း ကလေးဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ဒေသခံ YDF တပ်ဖွဲတွေနဲ့ PDF တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က အထိခိုက်အကျဆုံး များပြားနေပါတယ်။
ဒါ့ကြောင့်လမ်းဘေးဝဲယာကကျေးရွာတွေကို သေနတ်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၂၃ ရက်နေ့ကလည်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတဲ့နေရာက လမ်းဘေးဝဲယာရှိ ယာစောင့်တဲ ၅ လုံးကို အကြမ်းဖက်စစ်အုပ်စုတွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။