ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ စစ်ကောင်စီကိုထောက်ခံပြီး သတင်းပေးနေတာတွေ ချက်ခြင်းရပ်တန့်ဖို့ ပြည်မြို့ ပြောက်ကျားတပ်ဖွဲ့က ကျည်ဆန်နဲ့အတူ သတိပေးချက်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
သတိပေးစာထဲမှာ “ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကို ဖိနှိပ်၊ ချုပ်ခြယ်၊ မျက်ကွယ်ပြု လက်နက်အားကိုးပြီး အနိုင်ကျင့်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ထောက်ခံအားပေး၊ သတင်းပေးနေတာတွေကို ချက်ခြင်းရပ်တန့်ဖို့နဲ့ ဆက်ပြီးလုပ်ဆောင်နေရင် စစ်ခွေးတွေနဲ့အတူ ငရဲကိုပို့မှာဖြစ်တယ်” လို့ ရေးသားထားပါတယ်။
ပြည်မြို့ ပြောက်ကျားတပ်ဖွဲ့က ဒလန်ရှင်းလင်းရေးတွေပြုလုပ်မယ်လို့ ထုတ်ပြန်တာဟာ ပထမဆုံးဖြစ်ပြီး ပြီးခဲ့တဲ့လအနည်းက ပြည်ခိုင်ဖြိုးပါတီဝင် ကိုဝကြီးဟာ ဦးခေါင်းကို သေနတ်နဲ ပစ်ခံရပြီး နေရာမှာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။