ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားပေါ်မှာ ဩဂုတ် ၂၂ ရက် ဒီမနက် ၈ နာရီလော်ကက လုံခြုံရေးယူထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး အနည်းဆုံး ၁ ဦးသေဆုံးကာ ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ချိန်မှာ မြင်တွေ့ခဲ့သူတစ်ဦးက "အပြန်အလှန်ပစ်ခတ်တာမျိုးမရှိဘဲ အလစ် အငိုက်မိသွားသလိုပဲ။ ကားတစ်စီးကဖြတ်သွားရင်း ပစ်သွားတာ၊ ရဲတွေလဲကျသွားသလို လာပစ်တဲ့ကားကလည်း ပစ်ပြီးမောင်းသွားတာ။ ခဏအကြာမှာပစ်ခတ်သံ ထပ်ကြားရတယ်"လို့ ပြောပါတယ်။
ဘုရင့်နောင်တံတားအဆင်းမှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းတစ်ခုရှိတာကြောင့် ပစ်ခတ်မှုဖြစ်ပြီး မကြာခင်မှာပဲ အဆိုပါတပ်ရင်းကတပ်ဖွဲ့ဝင်အမြောက်အမြား ရောက်ရှိလာကာ လမ်းပိတ်ထားလိုက်ပြီး ပစ်ခတ်ခံရတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို အရေးပေါ်ကားနဲ့ တင်ဆောင်သွားတယ်လို့ သိရပါတယ်။
ပစ်ခတ်ခံရအပြီး လက်တလောအချိန်ထိ စစ်ကောင်စီတပ်တွေက တံတားပေါ်မှာ ပိတ်ဆို့စစ်ဆေးနေပါတယ်။