ယင်းမာပင်က ရဲတပ်ကြပ် ၁ ဦး လက်နက်ဖြင့်ထွက်ပြေးလာပြီး ပြည်သူနှင့်ပူးပေါင်း
DVB
·
August 20, 2021
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရဲစခန်းက ရဲတပ်ကြပ်ကြီး မောင်သံဟာ သြဂုတ် ၂၀ ရက်မနက်ပိုင်းက လက်နက်နဲ့အတူ ထွက်ပြေးလာပြီး ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်လာတယ်လို့ သိရပါတယ်။
ယင်းမာပင်မြို့နယ် PDF အဖွဲ့ဝင်တစ်ယောက်က "ဒီကနေ့မနက် ၃ နာရီခန့်က သူကိုင်ဆောင်တဲ့ သေနတ်နဲ့အတူ မြို့နယ်ရဲစခန်းကနေ ထွက်ပြေးလာတာဟုတ်တယ်။” လို့ ပြောပါတယ်။
အဲဒီတပ်ကြပ်ကြီးဟာ မြို့နယ်ရဲစခန်းမှာ အမှုတွဲတာဝန်ပိုင်းတွေ ထမ်းဆောင်နေသူဖြစ်ပြီး လက်ရှိမှာတော့ CDM ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။