မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်း၀န်းကျင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထွန်းဟာ ဩဂုတ် ၁၈ ရက် ဒီမနက် ၁၁ နာရီကျော်က သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထွန်းဟာ ၇၂ လမ်း၊ ၂၉ လမ်းနဲ့ လမ်း ၃၀ ကြားမှာရှိတဲ့ ရပ်ကွက်ရုံးမှာရှိနေတဲ့အချိန် ဆိုင်ကယ် ၁ စီး၊ လူနှစ်ယောက်က ရုံးအတွင်း ဝင်လာပြီး သေနတ်နဲ့ ၁ ချက်ပစ်ခတ်သွားတာလို့ ဒေသခံတွေကပြောပါတယ်။
“အုပ်ချုပ်ရေးမှူးက ရုံးထဲရှိနေတဲ့အချိန် ပစ်သွားတာလို့ ပြောတယ်။ အခုပဲ ပါရမီ လူမှုကူညီရေးကားထွက်သွားပြီး ကူညီနေတယ်။” လို့ အနီးအနားရှိ ပြည်သူတစ်ဦးက ပြောပါတယ်။
ဦးအောင်ဆွေထွန်းကို ပစ်ခတ်ထွက်ပြေးသွားတဲ့ သေနတ်သမားကိုတော့ ဖမ်းမိတာ မရှိဘူးလို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီ တပ်သားတွေ ရောက်ရှိလာပြီး တားဆီးစစ်ဆေးနေကြပါတယ်။