မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ကင်းမွန်ခါးရွာ မြစ်ကမ်းဘေးမှာ သြဂုတ်လ ၁၄ ရက်နေ့က ရှားပါးမျိုးစိတ်တစ်ခုဖြစ်တဲ့ ဧရာဝတီလင်းပိုင်တစ်ကောင် သေဆုံးနေတာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကင်မွန်ခါးရွာနားက မြစ်ကမ်းဘေးမှာ ဧရာဝတီလင်းပိုင်တစ်ကောင် သေဆုံးနေတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေ ရောက်လာပြီး ရင်ခွဲစစ်ဆေးကြည့်ခဲ့ကြပြီး ပုပ်ပွနေတာကြောင့် မြေမြှုပ်ပစ်ခဲ့ကြတယ်လို့ ရွာခံတစ်ယောက်က ပြောပါတယ်။
ငါးဖမ်းလုပ်သားတွေ ရှော့ခ်တိုက်ကြတာကြောင့် ဧရာဝတီလင်းပိုင်တွေဟာ တဖြည်းဖြည်းနဲ့ ရှားပါးလာမှာကို စိုးရိမ်တဲ့အတွက် ရေလုပ်သားသမဂ္ဂအဖွဲ့ကလည်း ထိန်းသိမ်းစောင့်ရှောက်တာတွေ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝထိန်သိမ်းစောင့်ရှောက်ရေးနယ်မြေများ ဥပဒေကို ၂၀၁၈ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး ရှားပါးမျိုးစိတ်တွေကို သေဆုံးထိခိုက်စေပါက ထောင်ဒဏ် ၃ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။