Home
မြန်မာသတင်း
မင်းကင်းမြို့နယ် တုံပါကျေးရွာ နေအိမ်အချို့ကို ပျူစောထီးနှင့်စစ်တပ်က မီးရှို့ဖျက်ဆီး
DVB
·
August 12, 2021
235949191_513432819732914_7179255315342602805_n
234779779_513432763066253_5413074950799084883_n
231628070_513432706399592_4759472934073572279_n

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် တုံပါကျေးရွာက အပြစ်မဲ့ရွာသားတွေရဲ့ နေအိမ်တွေကို ဩဂုတ် ၁၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားအချို့ လာရောက်ပြီး မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

တုံပါကျေးရွာသားတစ်ဦးက “ကျနော်တို့ရွာကို ပန်းဆက်ရွာက ပျူစောထီးအမည်ခံ ကြံ့ဖွံ့အမတ်ဟောင်း‌ မောင်မြင့်တပည့်အယောက်သုံးဆယ်ရယ်၊ စစ်ခွေး ၂ ယောက် ဆိုင်ကယ် ၁၆ စီးနဲ့ လာပြီး နေအိမ် ၆ လုံးကို မီးရှို့တယ်ဗျ။ နောက်ပြီး ရွာထဲက ဆန်၊ ဆီနဲ့ တွေ့ရာပစ္စည်းတွေလည်း ယူတယ်။ စိုက်ပျိုးဖို့ထားတဲ့ သီးနှံမျိုးတွေလည်း ဖျက်ဆီးသွားတယ်ဗျ။ ပြန်သွားတော့လည်း သေနတ်တွေဖောက်တာ ဆူညံနေတာပဲ။ အခုလိုဥပဒေမဲ့လုပ်နေတာ ကျနော်တို့ ဘယ်ကိုတိုင်ရမှန်းမသိဘူးဗျ” လို့ ပြောပါတယ်။

တုံပါကျေးရွာဟာ အိမ်ခြေ ၇၀ ကျော်ရှိပြီး မိရိုးဖလာ တောင်ယာလုပ်ငန်း လုပ်ကိုင်စားသောက်နေကြတဲ့သူတွေလည်း ဖြစ်ပါတယ်။

တုံပါကျေးရွာကို ပျူစောထီးအဖွဲ့တွေ ဝင်ရောက်ဖျက်ဆီးတာ အခုအကြိမ်နဲ့ဆို ၅ ကြိမ်အထိ ရှိ နေပြီလို့ တုံပါရွာသားတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024