မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့ မွန်ပြည်နယ်၊ ဘီးလင်းမြို့တို့ကို Stay at Home သတ်မှတ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၃ ရက်မှာ ကြေညာပါတယ်။
အဆိုပါမြို့နယ်တွေမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ တွေ့ရှိမှု များပြားလာတဲ့အတွက် Stay at Home အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပြီး မြို့နယ်အတွင်း နေထိုင်သူတွေအနေနဲ့ မိမိနေအိမ်တွင်သာနေထိုင်ကြဖို့ (အစိုး၇ဝန်ထမ်းများ၊ ဆက်သွယ်ရေးလုပ်ငန်း လုပ်ဆောင်သူများမပါ) မဖြစ်မနေ စျေးဝယ်ထွက်ပါက တစ်အိမ်တစ်ယောက်သာထွက်ဖို့တွေ ညွှန်ကြားချက်မှာဖော်ပြပါတယ်။
Stay at Home အစီအစဉ်ဟာ ဩဂုတ် ၄ ရက် မနက် ၄ နာရီကနေ စတင်သက်ဝင်မှာဖြစ်ပြီး အမိန့်လိုက်နာဖို့ ပျက်ကွက်သူတွေ တရားဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အမိန့်ထုတ်ပြန်ထားပါတယ်။
အဆိုပါ မြို့နယ်တွေ ထပ်တိုးလာတာကြောင့် နိုင်ငံဝန်း Stay at Homeအဖြစ် အကျုံးဝင်သွားတဲ့ မြို့နယ်ပေါင်း ၁၁၀ မြို့နယ် ရှိလာပြီဖြစ်ပါတယ်။