ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ခုရပူရီမြို့နယ်က ချုတ်မဏီးတေချ် ၂၁ အမည်ရှိ ငါးဖမ်းလှေတစ်စီးဟာ မနေညနေပိုင်းက ဆူရင်းကျွန်းစု အနောက်မြောက်ဘက် ရေပြင်မိုင် ၇၀ အကွာ ( မြန်မာ့ရေပြင်အစပ်) နားမှာ နစ်မြှုပ်ပျောက်ဆုံးသွားတယ်လို့ Phuket People’s Voice မှာ ဖော်ပြပါတယ်။
အဆိုပါလှေထဲမှာ ထိုင်းလူမျိုး ၂ ဦး နဲ့ မြန်မာရေလုပ်သား ၂၉ ဦး စုစုပေါင်း လူ ၃၁ ဦး ပါသွားပြီး လှိုင်းကြီးလှေထန်တာကြောင့် ပျောက်ဆုံးသွားကြောင်း၊ ရှာဖွေပေးဖို့ လှေပိုင်ရှင်က အကူအညီတောင်းတဲ့အတွက် မနေ့ညနေ ၅ နာရီကစ ရဟတ်ယာဉ်၊ ရွက်လှေကြီးတွေနဲ့ သွားရောက်ရှာဖွေခဲ့တယ်လို့ အမှတ် ၃ တပ်မတော်ရေ တာဝန်ရှိသူက ပြောပါတယ်။
မနေ့က တညလုံးရှာဖွေခဲ့ပေမယ့် အဆိုပါလှေကို မတွေ့ရကြောင်း၊ လှေပေါ်ပါသွားသူတွေရဲ့ အသက်တိုင်းဟာ အရေးကြီးတာကြောင့် ရေတပ်သားတွေအနေနဲ့ အတတ်နိုင်ဆုံး ရှာဖွေကူညီသွားမယ်လို့ ဆိုပါတယ်။