Home
မြန်မာသတင်း
မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ
DVB
·
August 2, 2021
231349181_2994804634180611_7364565374039013145_n

ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ သြဂုတ် ၁ ရက် နေ့ည ၉ နာရီခွဲလောက်က မိုးမောက်  မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေနတ်ပစ်ခံရသူ အုပ်ချုပ်ရေးမှူးမှာ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးတွေနဲ့ တွေ့ဆုံပြီး ကြေးနန်း ရပ်ကွက်အုပ်ချုပ်‌ရေးမှူးက ပြန်လိုက်ပို့စဉ် အပစ်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံတာ အပြန်မှာ သေနတ်နဲ့ပစ်ခံရတာ၊  ဘယ်သူပစ်လဲတော့မသိဘူး။ အချက်ရေ အတော်များတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ယောက်လည်း ထိတယ်။” 

အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဟာ မိုးမောက်မြို့နယ်မှာ မေလကစတင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခင်က ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ  အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်။

သေနတ်ပစ်ခံရသူ နှစ်ဦးကို ဗန်းမော်မြို့နယ် စစ်ဆေးရုံကို ပို့ဆောင်ခဲ့စဉ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဟာ လမ်းမှာသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024